Create Account
|
Login
Home
Videos
Articles
Submit Article
Contact Me
Dhama Site Links
ဓမ္မရံသီ
အရှင်ကောဝိဒ
ဖားအောက်တောရ
ဖြူးဆရာတော်
သန့်တည်ပွား
မိုးကုတ်ဆရာတော်
အရှင်ဥတ္တမသာရ
အရှင်လောကနာထ
ကသစ်ဝိုင်း ၀ိပဿနာ
အရှင်ဆေကိန္ဒ-ဓမ္မဒူတ
Friend Sites
Q and A on LSCS ဗိုက်ခွဲမွေးရခြင်း
A: အဖြေကတော့ ရှင်းပါတယ်။ ဆန်းတာတိုင်းက ရိုးတာထက် နေရာတကာမှာ မသာပါ။
ကလေးမီးဖွါးတာမှာ Normal labor ဆိုတဲ့ မွေးလမ်းကြောင်းကနေဖွါးတာက အကောင်းဆုံး ဖြစ်ပါတယ်။ မွေးလမ်းကြောင်း ကနေတောင်မှာ ဘာအကူအညီမှ မပါဘဲ၊ ဓမ္မတာ-ထုံးစံအတိုင်း မွေးနိုင်တာက (ပါဖက်) ဖြစ်တယ်။
မွေးလမ်းကြောင်းကနေ မွေးရာမှာ တခါတလေ ကူရတာတွေ ရှိတယ်။ သားဦး မွေးရင် မွေးလမ်းကို Episiotomy ချဲ့ပေး-ပြန်ချုပ်ပေး ရတာ။ သားအိမ်ညှစ်အား နည်းနေရင် Oxytocin (Syntocinon) ဆေးကို Drip ထဲထည့် သွင်းပေးရတာ။ ကလေးခေါင်းထွက်တာ ကြာမနေစေချင်လို့ Forceps delivery ညှပ်ဆွဲ၊ Vaccum extraction လေစုပ်စက်နဲ့ ဆွဲကူ မွေးပေးရတာ။ လုံးဝ အနာမခံချင်လို့ Epidural delivery ဆိုတဲ့ ခါးထုံဆေးနဲ့ မွေးပေးတာလည်း ရှိသေးတယ်။
ရိုးရိုးမဟုတ်နိုင်လို့ ခွဲမွေးရတာမှာ “ဘာလို့ ခွဲမွေးရသလဲ။” “မခွဲရင် မရဘူးလား။” “တကယ်ကို မရဘူးလား” ဆိုတာတွေ သိရလိမ့်မယ်။ မခွဲရင်လည်း ရတယ် ဆိုတာနဲ့ ခွဲကိုခွဲရမှာ နှစ်မျိုးရှိတယ်။ တချို့က နေ့ကောင်းရက်သာရွေး ခွဲမွေးချင်သူ တွေလည်း ရှိတတ်တယ်။ တခါတလေ ဆရာဝန်က စိတ်မရှည်လို့၊ Risk ကို နဲနဲလေးမှ မယူချင်လို့ ခွဲတာလည်း ရှိတယ်။ တချို့တိုင်းပြည်၊ တချို့ဆေးရုံ-ဆေးခန်းတွေကတော့ ခွဲပေးရင် လူနာဆီက ငွေပိုယူလို့ရတာမို့၊ လုံလောက်အောင် အချိန် မစောင့်ဘဲ ခွဲတာလည်း တကယ်ရှိပါတယ်။
မွေးလမ်းကနေ မွေးမရလို့ ခွဲရတာမှာ တခြား ရွေးစရာလမ်း မရှိတာမို့ ခွဲမွေးတာ အကောင်းဆုံး ဖြစ်တယ်။ CPD ကလေးခေါင်းနဲ့ မိခင်မွေးလမ်း မတန်တဆ ဖြစ်တာ။ ဒါမှာလည်း ၂ မျိုး။ မအေရဲ့ အရိုးကွင်းက ကျဉ်းနေတာနဲ့ ကလေးက ပုံမှန်ထက် ခေါင်းက ကြီးနေတာ။ ဒီအခြေအနေ နှစ်ရပ်လုံးက ခွဲကိုခွဲရမယ်။
နောက်တမျိုးက အချင်းဟာ ပုံမှန်ရှိရမဲ့ သားအိမ်အ၀နဲ့ ဝေးရာမှာ မဟုတ်ဘဲ၊ အောက်ပိုင်း ရောက်နေတာ။ အချင်းက သားအိမ်အ၀ကို အပြည့်ဖြစ်ဖြစ်၊ တစိတ်တပိုင်း ဖြစ်ဖြစ် လာဖုံးနေတာမျိုး။ အချင်းရှေ့ရောက်လို့ ခေါ်တယ်။ မွေးခါနီးလို့ သားအိမ်အ၀ ကျယ်လာတာနဲ့ အချင်း ကွာလာပြီး၊ ကလေးမမွေးခင် သွေးတွေဆင်းတာမျိုး။ APH ခေါ်တာပေါ့။ မမွေးမီ သွေးဆင်းခြင်း အကြောင်းတရား တွေထဲက အရေးအကြီးဆုံး။ ဒါကို Ultrasound မှာ ကြိုသိထားနိုင်တာမို့၊ ရက်ရွေးပြီး၊ အေးအေးဆေးဆေး ခွဲမွေးပါလေ။
ကလေးအနေအထား ပုံမှန်မဟုတ်တာ၊ ရိုးရိုးမွေးဘို့ ကြိုးစားရင်း အချိန် ပိုမစောင့်သင့်တာ။ မိခင်ဖြစ်ဖြစ် ကလေးဖြစ်ဖြစ် တခုခုဖြစ်လာလို့ မွေးလမ်းကနေ မွေးအောင် အချိန် မစောင့်သင့်တော့တာ။ ဟိုကဆက်နေ-ဒီကဆက်နေ၊ ထူးဆန်းတဲ့ ကလေးဖြစ်နေတာ၊ ဒါတွေမှာလည်း ခွဲတာကောင်းတယ်။
တခုမှတ်ဘို့က တခါ ဗိုက်ခွဲမွေးရတိုင်း နောက်လည်း ခွဲရမယ်ဆိုတာ နေရာတိုင်းမှာ ယူဆလို့မရပါ။ အရင်တခါ ခွဲတုံးက ဘာအကြောင်းကြောင့် ခွဲရလည်း အပေါ်မှာ မူတည်တယ်။ အချင်းရှေ့ရောက်လို့ ခွဲထားရသူဟာ နောက်ကိုယ်ဝန်က ပုံမှန်ဖြစ်ပြီး ရိုးရိုးမွေးလို့ရတယ်။ ကလေးအနေအထား ဆိုတာလည်း တခါပုံမှန်မဟုတ်တိုင်း အမြဲမှား မနေတတ်ပါ။
ခွဲမွေးတာဖြစ်ဖြစ် အနာလေးတခု ခွဲရတာဖြစ်ဖြစ် အနည်းနဲ့အများ သတိထားရတာတွေ ချည်းပါဘဲ။ ခွဲစိတ်ခြင်း အန္တရာယ်တွေက ခွဲစိတ်မှု ကြီးကြီးသလို၊ လုပ်တာကိုင်တာ ပေါ့ဆရင် ပေါ့ဆသလို ရှိနိုင်တယ်။
ခွဲမွေးရတဲ့အတွက် အားသာချက်တွေလည်း ရှိပါတယ်။ ရက်၊ အချိန်၊ ရွေးမွေးနိုင်တယ်။ တတိယကလေးခွဲရရင် တခါတည်း သားကြော ဖြတ်ပေးနိုင်တယ်။ မွေးလမ်းကြောင်းဟာ အမေမွေးတဲ့အတိုင်းသာ ရှိနေမယ်။
Dr. တင့်ဆွေ
Posted by
Tint Swe
on 17.06.2010 11:41:42
0 Comments
· 323 Reads ·
Comments
No Comments have been Posted.
Please Login to Post a Comment.
Ratings
Rating is available to Members only.
Please login or register to vote.
No Ratings have been Posted.
© Myanmar Pioneer 2008-2010
434,185 unique visits